အေအေနယ်ထဲ စစ်သင်တန်းတက်ပြီး ကျောင်းသားစစ်တပ် ဖွဲ့စည်း

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Podcast készítő BBC Burmese Radio

Podcast artwork

ရက္ခိုင့်တပ်တော် အေအေနယ်ထဲ စစ်သင်တန်းတက်ပြီး ကျောင်းသားစစ်တပ် ဖွဲ့စည်းခဲ့ - ရက္ခိုင့်တပ်တော် အေအေဆီမှာ စစ်သင်တန်းတက်ရောက်ပြီး ကျောင်းသား လက်ရုံးတပ်တော် SAFကို ဖွဲ့စည်းခဲ့ - SAF ရဲ့ ဖြစ်ပေါ်လာရာ တကသများ - ရန်ကုန်ရဲ့ ပြောရေးဆိုခွင့် ရှိသူနဲ့ ဘီဘီစီ မေးမြန်းခန်း - အဖမ်းခံထားရပြီးနောက် သတင်းအမှောင်ချခံထားရတဲ့ မန္တလေး သပိတ်အင်အားစု ဦးဆောင်သူ ကိုသူရအောင် အကြောင်း သိရဖို့ စုံစမ်းနေ - ယူကရိန်း အရှေ့ဘက်မှာ တိုက်ပွဲတွေ ဆက်ရှိနေပေမယ့် စာနာရေး လမ်းကြောင်းတွေကနေ လူ ၄ ထောင်ကျော် လွတ်မြောက်လာနိုင် - ရုရှားသမ္မတပူတင်က ယူကရိန်းကို စစ်ပြုရတဲ့ သူ့ရဲ့ ကိုယ်ပိုင် အကြောင်း ပြချက်တွေ ထဲကနေ ထွက်လာမယ့်ပုံ မရှိတာကြောင့် အခု စစ်ပွဲ သံတမန်ရေးနည်းနဲ့ ဖြေရှင်းဖို့ ဖြစ်နိုင်မှာ မဟုတ်ဘူးလို့ ပူတင်လူကိုယ်တိုင် သွားတွေ့ခဲ့တဲ့ ဩစတြီးယား ဝန်ကြီးချုပ် ကားလ်နီဟမ္မား နိုင်ငံတကာ အသိုင်းအဝိုင်းကို အသိပေး - အမေရိကန်သမ္မတ ဘိုင်ဒင်က အိန္ဒိယဝန်ကြီးချုပ် မိုဒီကို အွန်လိုင်း ဗီဒီယိုနဲ့ တစ်နာရီကြာ စကားပြောပြီး အခုအချိန် ရုရှားရဲ့ စွမ်းအင်လောင်စာတွေကို တိုးမြှင့် ဝယ်နေတာမျိုး မလုပ်ဖို့နဲ့ အိန္ဒိယ စွမ်းအင်ကဏ္ဍ အတွက် တခြား နည်းလမ်းတွေနဲ့ အာမခံချက် ရှိစေဖို့ အမေရိကန်က ကူညီမယ်ဆိုပြီး ပြောဆို .... စတဲ့ နိုင်ငံတကာနဲ့ မြန်မာ ထိပ်တန်းရောက် သတင်းတွေ ကြည့်ရှု နားဆင်နိုင်ပြီ။ မနက်ပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625862 ညပိုင်း ပေါ့ဒ်ကတ်စ် ရယူရန် - https://www.bbc.com/burmese/media-45625858 ယူကျု - http://youtube.com/thebbcburmese အင်စတာဂရမ် - https://www.instagram.com/bbcburmese/ ဝက်ဘ်ဆိုက် - https://www.bbcburmese.com

Visit the podcast's native language site