အာဏာသိမ်းကာလ ၁ နှစ်အတွင်း စစ်ရှောင်ဦးရေ ၄ သိန်းခွဲနီးပါး တိုးလာ

ဘီဘီစီမြန်မာပိုင်း မနက်ခင်းသတင်းအစီအစဉ် - Podcast készítő BBC Burmese Radio

Podcast artwork

- စစ်အာဏာ တကျော့ပြန် သိမ်းခံရပြီးနောက် တစ်နှစ်တာ ကာလ အတွင်းမှာ မြန်မာနိုင်ငံထဲ စစ်ဒဏ်ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရသူတွေဟာ မူလ ရှိနှင့်ပြီး အရေအတွက်ထက် နှစ်ဆ ကျော် တိုးမြင့်လာ၊ အခုဆို ၈ သိန်း အထက် ရောက်သွားပြီ - မန္တလေးမှာ နေ့စဥ် ကိုဗစ်ပိုးတွေ့ လူနာတွေ ရှိလာပြီး လူငယ်တွေ အများစုဖြစ်၊ သေဆုံးလူနာတွေလည်း ရှိလာနေတယ်လို့ ဆေးရုံနဲ့ ပရဟိတအဖွဲ့ သတင်းရင်းမြစ်တွေကပြော - ယူကရိန်းကနေ သူတို့နိုင်ငံသားတွေကို ထွက်ခွာခိုင်းနေတဲ့ နိုင်ငံတွေ အမေရိကန်၊ ယူကေ၊ ဂျာမနီ အပါအဝင် နိုင်ငံပေါင်း တစ်ဒါဇင်ကျော်သွားပြီ - ရုရှားက ယူကရိန်းထဲ အချိန်မရွေး ဗုံးကြဲလာနိုင်တယ်လို့ အမေရိကန်က ပြောနေ - ရုရှားဘက်လည်း သူတို့ရဲ့ လုံခြုံရေး စိုးရိမ်မှုတွေ အပေါ် အမေရိကန်က လျစ်လျူရှုထားတယ်လို့ တန်ပြန်ပြောဆို - အနောက်အာဖရိက ဒေသမှာ ပြင်သစ်က ဒရုန်းနဲ့ တိုက်လေယာဥ်သုံး လေကြောင်း တိုက်ခိုက်ခဲ့လို့ အစ္စလာမ်မစ် လက်နက်ကိုင် အယောက် ၄၀ သေဆုံးခဲ့ - နီကာရားဂွားသမ္မတက သက်တမ်း ၄ ကြိမ်ဆက်ပြီး နိုင်ချင်လို့ ပြိုင်ဘက်တွေ ရွေးကောက်ပွဲ မဝင်နိုင်အောင် ဖမ်းပြီး ထောင်ချထားတဲ့ အထဲက နာမည်ကြီး အတိုက်အခံ ခေါင်းဆောင် ဟျူဂို တောရက်စ် အသက် ၇၃ နှစ် အရွယ် ထောင်ထဲ ကွယ်လွန် အဘူဒါဘီမှာ ကန်ခဲ့တဲ့ ဖီဖာ ကမ္ဘာ့ကလပ်အသင်းများ ဖလား ဗိုလ်လုပွဲမှာ ဘရာဇီးအသင်း ပါးမေးလ်ယပ်စ်ကို ချယ်ဆီး အချိန်ပို ပယ်နယ်တီဂိုး သွင်းပြီး ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူ ... စတဲ့ မြန်မာနဲ့ ကမ္ဘာက နောက်ဆုံးရ သတင်းတွေကို ရှုစားနားဆင်နိုင်ပါပြီ။

Visit the podcast's native language site