ပဇီကြီး လေကြောင်းတိုက်ခိုက် ခံရမှု နိုင်ငံတော် အဆင့် သတ်မှတ် ကိုင်တွယ်နေတယ်လို့ NUG ပြော

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Podcast készítő BBC Burmese Radio

- ဆူဒန်မှာ အစိုးရ လက်နက်ကိုင်တပ်တွေကြား အာဏာလုပွဲ ဖြစ်ပြီး မြို့တော် ခါတွမ်မှာ တိုက်ပွဲပြင်းထန်၊ တင့်ကားသံ တိုက်လေယာဉ်သံတွေနဲ့ မြို့တစ်ခုလုံး တုန်ခါနေ။ နိုင်းမြစ် အနောက်ဘက်ကမ်းက ခါတွမ်နဲ့ အမွှာမြို့ အွမ်ဒါမန်ကိုပါ တိုက်ပွဲတွေ ကူးစက်သွား - ဒူဘိုင်းမြို့ဟောင်းဘက်ခြမ်း လူနေအဆောက်အအုံ မီးလောင်လို့ ၁၆ ယောက်ထက် မနည်း အစုလိုက် အပြုံလိုက် သေဆုံး။ ကမ္ဘာ့ စျေးဝယ် စင်တာ ဇိမ်ခံမြို့ကြီး ဒူဘိုင်း ရှိရာဆီ လာရောက် အလုပ်လုပ်နေကြတဲ့ နိုင်ငံခြားသား အများစု သေဆုံးတာဖြစ် - တရုတ်ပြည်မကြီး အစိုးရက မိုးလေဝသ ဂြိုဟ်တု လွှတ်တင်လို့ လမ်းရှင်း ပေးရတဲ့ အနေနဲ့ ထိုင်ဝမ်ကို အဝင် အထွက် လုပ်နေတဲ့ လေယာဉ်တွေ လမ်းကြောင်းပြောင်း ပျံသန်းရ - အိန္ဒိယမှာ ရာဇဝတ်မှုပေါင်းများစွာနဲ့ ထောင်ချခံထားရတဲ့ ပါလီမန် အမတ်ဟောင်းနဲ့ သူ့ညီကို ဆေးစစ်ဖို့ရာ ရဲအစောင့်အရှောက်နဲ့ ထုတ်လာစဉ် သတင်းသမားတွေနဲ့ အမေးအဖြေလုပ်နေတုန်းမှာပဲ ညီအစ်ကို နှစ်ဦးစလုံး သေနတ်နဲ့ ပစ်သတ်ခံရ။ ရုပ်မြင်သံကြားပေါ် တိုက်ရိုက် ပြသနေတုန်း အဲဒီလို သတ်ဖြတ်ခံရတာဖြစ် - အင်ဒိုနီးရှား ပါပူအာ ပြည်နယ်မှာ နယူးဇီလန် လေယာဉ်မှူးတစ်ယောက် ပြန်ပေးဆွဲ ခံထားရလို့ ကယ်ထုတ်ဖို့ လုပ်နေတဲ့ အထူးတပ်ဖွဲ့ရဲ့ စခန်းကို ပါပူအာ ခွဲထွက်ရေး သူပုန်တွေ အလစ်ဝင်စီး၊ စစ်သား ၉ ဦးထက်မနည်း သေဆုံးတယ်လို့ ခွဲထွက်ရေးသူပုန်တွေပြော - ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်ခံရမှု နိုင်ငံတော် အဆင့် သတ်မှတ်ပြီး ကူညီရေးတွေ၊ တရားမျှတ ရှာဖွေရေးတွေ လုပ်ဆောင်မယ်လို့ NUG ပြော - စစ်ကြောင်းထိုးခံထားရတဲ့ အညာဒေသတွေ၊ ကရင်နီနယ်တွေမှာ နွေအခါ သောက်ရေ သုံးရေ ရေရှားပါးနေ။ လုံခြုံရေး အခြေအနေကြောင့် ကူညီရေးတွေ လုပ်ဖို့လည်း အခက်ကြုံ .... စတဲ့ ထိပ်တန်းရောက် ကမ္ဘာ့သတင်း၊ မြန်မာ့သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxsf3 ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625862 ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Visit the podcast's native language site