စစ်ကိုင်းတိုင်းထဲက ကလေး၊ ဒီပဲယင်း၊ ထီးချိုင့် စတဲ့ မြို့နယ်သုံးခုမှာ တိုက်ပွဲတွေပြင်းထန်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Podcast készítő BBC Burmese Radio
ဧပြီ ၂ ရက် တနင်္ဂနွေည ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ်များ - ဂျပန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ လျှပ်တပျက် ဘေဂျင်း ခရီးစဉ်အတွင်း ထိုင်ဝမ်ကိစ္စ ထည့်သွင်း ပြောခဲ့လို့ ဝင်မစွက်ဖက်ဖို့ တရုတ် တုံ့ပြန် သတိပေး - ဆီးရီးယားထဲမှာ ရှိတဲ့ အီရန်နဲ့ ဆက်စပ်နေတဲ့ ပစ်မှတ်တွေကို လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြောင်း ရည်ညွှန်းနေတဲ့ ပြောဆိုမှုမျိုး အစ္စရေး ဝန်ကြီးချုပ် ရှားရှားပါးပါး ပြုလုပ်၊ အကြမ်းဖက် အားပေးသူတွေထံက တန်ဖိုးကြီးကြီးမားမားကို နိုင်ငံ အပြင်ဘက် ထွက်ပြီး လိုက်တောင်းမယ်လို့ အစ္စရေး ဝန်ကြီးချုပ် နာတန်ယာဟု ပြောဆို - ဖိလစ်ပိုင် သင်္ဘောသားတွေ ကျွမ်းကျင်မှု အားနည်းလို့ ဆိုပြီး ဖိလစ်ပိုင် ရေကြောင်းလက်မှတ် အားလုံးကို အသိအမှတ် မပြုတဲ့ အထိ လုပ်ကောင်းလုပ်မယ်လို့ အီးယူ ခြိမ်းခြောက်။ အီးယူ အလံတင်ထားတဲ့ သင်္ဘောတွေပေါ် အလုပ်လုပ်နေတဲ့ ဖိလစ်ပိုင် သင်္ဘောသား ၅ သောင်းထက်မနည်းရှိ - စစ်ကိုင်းတိုင်းထဲ လက်နက်ကိုင် ပဋိပက္ခ ဆက်လက်ပြင်းထန်၊ ကလေးမြို့နယ်မြောက်ပိုင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက် စတဲ့ သတင်းတွေကို နားဆင်ရဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ - အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - - https://www.bbc.com/burmese/bbc_burmese_radio/liveradio - ----- - ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j - ----- - ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 - #ဘီဘီစီမြန်မာပိုင်း #ရေဒီယို