ရခိုင်မြောက်ပိုင်းက တခြားမြို့တွေမှာ မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြ
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Podcast készítő BBC Burmese Radio
- ဂါဇာမှာ ၄ ရက်ကြာ အပစ်ရပ် မစခင် အစ္စရေးတပ်တွေက ဟားမတ်စ်တွေကို ဆက်ပစ်မှတ်ထား တိုက်ခိုက်နေ - ရခိုင်မြောက်ပိုင်းက တခြားမြို့တွေမှာ မြို့တွင်းတိုက်ပွဲတွေ ဖြစ်ပွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြ - ရှမ်းမြောက်မှာ စစ်ရှောင်တွေရဲ့ ပစ္စည်းတွေကို မဟာမိတ်တပ်တချို့က ဖျက်ဆီးတာ၊ ဆက်ကြေးကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေပြော - တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ်၊ စစ်ကိုင်းတိုင်း ထီးချိုင့်နဲ့၊ ရှမ်းမြောက်က လောက်ကိုင်မြို့တွေမှာ ပြည်သူတွေ ပိတ်မိနေဆဲ အခြေအနေ - ဘဂ္ဂဒက်မြို့နားက ဟက်ဇ်ဘိုလာ လက်နက်ကိုင်တွေ ထိန်းချုပ်ရာနေရာမှာ အမေရိကန်က လေကြောင်းတိုက်ခိုက်မှု လုပ်ခဲ့တာကို အီရတ်အစိုးရ ရှုတ်ချ - တရုတ်မှာ အစ္စလာမ်ဘာသာ ကိုးကွယ်မှုကို ကန့်သတ်ဖို့ တရုတ်အစိုးရက ဗလီတွေကို ပိတ်ပစ်၊ ဖြိုပစ်တာတွေ လုပ်နေတယ်ဆိုတဲ့ အထောက်အထားတွေ ပေါ်ထွက်လာ