လက်ပံတောင်းတောင်‌ဒေသ ဝက်မှေးရွာဟောင်းကို တရုတ်ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီ တပ်တွေ၊ ရဲတွေနဲ့ ပေါင်းပြီး ခြံတွေ ပြန်ခတ်နေ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Podcast készítő BBC Burmese Radio

- လက်ပံတောင်းတောင်‌ဒေသ ဝက်မှေးရွာဟောင်းကို တရုတ်ဝမ်ပေါင်ကုမ္ပဏီက စစ်ကောင်စီ တပ်တွေ၊ ရဲတွေနဲ့ ပေါင်းပြီး ခြံတွေ ပြန်ခတ်နေ၊ ဒေသခံတွေက ရွှေ့ပြောင်း ရှောင်တိမ်းနေရ - ချီဖွေမှာလည်းမြို့တွင်းစီးဝင်တဲ့ ရစ်လောခေါင်ချောင်းမှာ မြေရှား သတ္တုတူးဖော်မှုတွေ ဆက်ရှိနေ၊ သတ္တု တူးဖော်ဖို့ စမ်းသပ် လုပ်ကိုင်တဲ့နေရာတွေကို လက်နက်ကိုင်တပ်တွေက လုံခြုံရေးယူပေး - ယူကရိန်း သွေးသွင်းကုသဌာနကို ပဲ့ထိန်းဒုံးနဲ့ အတိတကျ ချိန်ရွယ် ပစ်မှတ်ထား တိုက်ခိုက်တာဟာ တိရိစ္ဆာန်တို့ရဲ့ လုပ်ရပ်၊ စစ်ရာဝတ်မှု ဆိုပြီး သမ္မတဇလန်စကီး ရုရှားကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန် - ပုပ်ရဟန်းမင်းကြီးရဲ့ လစ္စဘွန်းမြို့ ဝတ်ပြု ဆုတောင်းပွဲ လူ တစ်သန်းခွဲ စုဝေး တက်ရောက် - ရွေးကောက်ခံ သမ္မတကို အာဏာ ပြန်မအပ်ရင် စစ်ရေးအရ အရေးယူတဲ့ အထိ စွက်ဖက် လုပ်ဆောင်မယ် ဆိုပြီး အနောက် အာဖရိက နိုင်ငံများ အဖွဲ့ အီကိုဝပ်စ်က နီဂျဲ အာဏာသိမ်း စစ်အုပ်စုကို ရာဇသံပေးထားတဲ့ နောက်ဆုံးရက် ရောက်လာပြီ …. စတဲ့ ထိပ်တန်းရောက် ပြည်တွင်းပြည်ပ သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါတယ်။ - အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - - https://www.bbc.com/burmese/bbc_burmese_radio/liveradio - ----- - ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j - ----- - ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 - #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Visit the podcast's native language site