ဘီဘီစီရဲ့နာမည်ကြီး တင်ဆက်သူတစ်ဦးရဲ့ လိင်ပိုင်း မဖွယ်မရာပြုမှု ပေါ်ထွက်လာ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Podcast készítő BBC Burmese Radio

ဇူလိုင် ၉ ရက် တနင်္ဂနွေညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - ဘိုင်ဒင်အစိုးရက အစိုးရ အဖွဲ့ဝင် အဆင့်မြင့် ဝန်ကြီးတွေကို တရုတ်ပြည်ထဲ ဆက်တိုက် စေလွှတ်နေ၊ နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကင်ရဲ့ ခရီးစဉ် အပြီး ဘဏ္ဍာရေး ဝန်ကြီး မစ္စ ဂျဲနက်ယဲလင်လည်း ဘေဂျင်း ခရီးစဉ် ၄ ရက်တာ ပြုလုပ်ခဲ့ - ဘီဘီစီရဲ့ နာမည်အကြီးဆုံး တင်ဆက်သူတွေထဲက တစ်ဦးဟာ ဆယ်ကျော်သက်တစ်ယောက်ကို ငွေတွေ ပေးပြီး မဖွယ်မရာဓာတ်ပုံတွေ ရယူခဲ့တယ် ဆိုတဲ့ အချက် ပေါ်ထွက်လာ …. လူငယ် မိသားစုဘက်က တိုင်ထားတာ မေလ ကတည်းက ဖြစ်တယ်လို့ တက်ဘလွိုက် သတင်းစာ တစ်စောင်က ဖွင့်ချ၊ အခုဆိုရင် အဲဒီကိစ္စကို ဘီဘီစီ ဘယ်လို ကိုင်တွယ်နေသလဲ ဆိုတာကို ပါလီမန်ရဲ့ မီဒီယာကော်မတီကပါ မေးခွန်းထုတ်လာ။ အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆို။ - ပြင်သစ်ရဲ့ ဘာစတီး အမျိုးသားနေ့ အောင်ပွဲ ပွဲတော်ရက် မတိုင်ခင်မှာပဲ တစ်နိုင်ငံလုံး မီးရှူးမီးပန်းနဲ့ ဗျောက်အိုးတွေ၊ အဲဒါတွေ ပြုလုပ်တဲ့ ပစ္စည်းတွေ ရောင်းဝယ်တာ၊ လက်ဝယ်ကိုင်တာ၊ သယ်ဆောင်တာ မပြုလုပ်ဖို့ အစိုးရက အမိန့်ထုတ် - သီရိလင်္ကာမှာ သမ္မတအိမ်တော်ထဲထိ ဆန္ဒပြလူအုပ် စီးနင်းဝင်ရောက်ခဲ့တာ နှစ်ပတ်လည်ပြီ၊။ ပြီးခဲ့တဲ့နှစ် စီးနင်းမှုအတွင်း သမ္မတစံအိမ်ထဲက တိုင်းပြည်ရတနာ အထိမ်းအမှတ် ပစ္စည်းတွေကို ယူငင်သွားကြတာကြောင့် ပြန်လာ အပ်နှံကြဖို့ သမ္မတရဲ့ အတွင်းဝန်က ပန်ကြား၊ အိပ်ရာခင်းတွေက အစ စီးနင်းဝင်ရောက်မှု အမှတ်တရ အဖြစ် လူတွေက ယူသွားခဲ့ကြတယ်လို့ဆို - KIA ဌာနချုပ် လိုင်ဇာအနီး နန်ဆန်ယန်မှာ စနေညဘက် လေကြောင်းကနေ ဗုံးကြဲတဲ့အထိ စစ်ကောင်စီတိုက်ခိုက်၊ အဲဒီဒေသမှာ တိုက်ပွဲတွေ ပေါ်ပေါက်တာ သီတင်းတစ်ပတ်ကြာ ရှိနေပြီး လက်ရှိ အချိန်ထိ စစ်ရေးတင်းမာနေဆဲလို့ KIA ဘက်က ပြော … စတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်းတွေ နားဆင်ရဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/2TSNLYZ မနက်ပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://bbc.in/3dhUMdA ----- မနက်ပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/2AjWc8C ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://bbc.in/36H8bsY #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Visit the podcast's native language site