ကသာမြို့နယ်က ရွာတွေမှာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်ပွားပြီး တစ်ပတ်အတွင်း အရပ်သား သေဆုံးသူ ၈ ဦးရှိခဲ့
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Podcast készítő BBC Burmese Radio
အသရေဖျက်မှုနဲ့ ပြစ်မှုထင်ရှားခဲ့သူ အိန္ဒိယအတိုက်အခံခေါင်းဆောင် ရာဟူးလ် ဂန္ဓီကို တရားရုံးချုပ်က ပြစ်ဒဏ်ဆိုင်းငံ့လိုက်၊ ကသာမြို့နယ်ထဲက ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေအကြား တိုက်ပွဲ ဖြစ်ပွားပြီး တစ်ပတ်အတွင်း အရပ်သား သေဆုံးသူ ၈ ဦးထက် မနည်းရှိခဲ့၊ မြင့်တက်နေတဲ့ ဆန်စျေးကွက်ကို ထိန်းချုပ်နိုင်ရေး ဆန်စပါး အသင်းချုပ်က အရန်ဆန် အိတ်ရေ ၅၀၀၀၀ ကို ဒီရက်ပိုင်းအတွင်း ရောင်းချဖို့ စီစဉ်နေ၊ ရခိုင်ပြည်နယ်တွင်းက တောင်သူတွေ စိုက်ပျိုးစရိတ်ချေးငွေ ပြန်ဆပ်ဖို့ အခက်ကြုံနေ၊ ရုရှားရေတပ်သင်္ဘောတစ်စင်းကို ထိမှန်အောင် ဒရုန်းနဲ့ ပစ်ခတ်လိုက်နိုင်ခဲ့တယ်လို့ ယူကရိန်းပြော၊ လူ ၃ ရာကျော်သေဆုံးခဲ့ရတဲ့ တောင်ကိုရီးယား ခရီးသည်တင်သင်္ဘောမှောက်ခဲ့မှုအတွက် တရားရင်ဆိုင်ဖို့ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကို အမေရိကန်က ပြန်လွှဲပေးခဲ့