အာဆာခေါင်းဆောင်ကို ဖမ်းမိထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ် - Podcast készítő BBC Burmese Radio
ဇူလိုင် ၂၃၊ တနင်္ဂနွေ ညချမ်း လန်ဒန်မြို့တော်ကနေ တိုက်ရိုက် ထုတ်လွှင့်မယ့် ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - စစ်ကောင်စီက ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်မယ် - အာဆာခေါင်းဆောင်ကို ဖမ်းမိထားတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော - အဖေကနဲ့ သားကို အာဏာလွှဲတာ တရားဝင်ဖြစ်အောင် ကမ္ဘောဒီးယား ရွေးကောက်ပွဲမှာ လူတွေ မဲ မပေး မနေရ ဟွန်ဆန် အစိုးရ တင်းကျပ် - ဖက်ဆစ်စနစ် ဖယ်ရှားခဲ့ပြီး ဒီမိုကရေစီ ထူထောင်ခဲ့တဲ့ အနှစ် ၄၀ ကျော် ကာလ နောက်ပိုင်း စပိန်မှာ ရှောင်တခင် ရွေးကောက်ပွဲကနေ လက်ျာစွန်း အမျိုးသားရေး အစွန်းရောက်တွေ အစိုးရ အဖွဲ့ထဲ ပြန် ရောက်လာနိုင် - တိုးရစ်အလာများတဲ့ ဂရိ အပန်းဖြေ ကျွန်းပေါ် တောမီး အကြီးအကျယ် လောင်နေသလို၊ ကနေဒါမှာလည်း စံချိန်တင်အောင်ကို တောမီး ကြီးမား ကျယ်ပြန့်နေ … စတဲ့ ထိပ်တန်းရောက် ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းတွေ နားဆင် ရဖို့ ရှိပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 #ဘီဘီစီမြန်မာပိုင်း #ရေဒီယို